/

Road Safety CSR Activities

Highland Cement International Co., Ltd. ရဲ့ ထုတ်ကုန် Blue Diamond Cement ကို ရှမ်းပြည်နယ်တ၀ှမ်းလုံးက တခဲနက်အားပေး၊ အသုံးပြုနေကြတာတကြောင်း၊ စက်ရုံက မန္တလေးတိုင်းထဲမှာ ဆိုပေမဲ့ တည်နေရာက ရှမ်းပြည်နယ် နဲ့ ထိစပ်နေတာကတကြောင်းမို့၊ ဒီ Road Safety CSR Project ကို ရှမ်းပြည်နယ် ဒေသအတွင်းမှာ စတင်ဖို့ Management က ဆုံးဖြတ်ခဲ့ပါတယ်။

ရှမ်းပြည်နယ်အစိုးရ နဲ့ သက်ဆိုင်ရာဋ္ဌာန Engineers တွေကို စနစ်တကျ တင်ပြလျှောက်ထားခဲ့ပြီး၊ ခွင့်ပြုချက်ရပြီးတာနဲ့ Road Safety Convex Mirror တွေကို ၂၀၁၇ ခုနှစ် နိုဝင်ဘာ နဲ့ ဒီဇင်ဘာလတွေမှာ စတင်တပ်ဆင်ခဲ့ပါတယ်။ ရှမ်းပြည်နယ်အစ ကနေ တောင်ကြီးမြို့အထိ တောင်တက်လမ်းပိုင်း မမြင်ကွယ်ရာ Blind Spot အချိုးအကွေ့ စုစုပေါင်း (၂၄) ခုနဲ့ ကလော၊ အောင်ပန်း၊ ဟဲဟိုး၊ ရွှေညောင် နဲ့ တောင်ကြီးမြို့ပေါ် အန္တရာယ်ကွေ့၊ လမ်းဆုံ၊ လမ်းခွ နေရာပေါင်း (၃၆) ခု၊ စုစုပေါင်း Road Safety Convex Mirror (60) pcs ကို စိုက်ထူပေးနိုင်ခဲ့ပါတယ်။